Mozilla Firefox နှင့် မြန်မာဖေါင့်ပြဿနာ

ဒီပို့စ်လေးကတော့ Mozilla update လုပ်လိုက်ပြီး မြန်မာဖေါင့်မမြင်ရတော့တဲ့ သူငယ်ချင်းတွေအတွက်ပါ။ လုပ်ပုံလုပ်နည်းလေးကတော့ လွယ်ကူပါတယ်။ မသိရင်တော့မလွယ်ဘူးပေါ့။ ဒါလေးဖတ်ပြီးသွာမယ်ဆိုရင်တော့ လွယ်လိုက်တာလို့ ထင်သွားပါလိပ်မယ်။ လုပ်ပုံလုပ်နည်းလေးကတော့ ဘာ ဆော့ဝဲမှမလိုပါဘူး။ လုပ်ကြည့်လိုက်ရအောင်- ပထမဆုံး mozilla firefox ကိုဖွင့်လိုက်ပါ။ ပြီးရင်တော့ Tools >>>>> Options >>>>> Content ကိုရောက်သွားပြီဆိုရင်တော့ Fonts & Colours ဆိုတဲ့ခေါင်းစဉ်အောက်က Advanced ကိုကလစ်လိုက်ပါ။ ပြီးရင်တော့ Fonts for ဆိုတဲ့  အပေါ်ဆုံးက အကွပ်လေးထဲမှာ Other Languages ကိုရွေးပေးလိုက်ပါ။ ရွေးပေးပြီးပြီဆိုရင် နောက်တစ်ဆင့် Proportional ထဲမှာတော့ Serif ဆိုတာရှိနေမှာပါ အဲ့ဒါလေးကိုတော့မပြောင်းပါနဲ့ အဲ့ဒီအောက်က Serif , Sans-serif , Monospace ဆိုတဲ့ အကွပ်တွေထဲမှာတော့ Zawgyi-One လို့ပြောင်းပေးလိုက်ပါ။ ပြီးပြီဆိုရင်တော့ OK ကိုကလစ်ပြီးထွက်လိုက်ပါ လေးဒေါင့်အကွပ်လေးတွေအစား မြန်မာစာတွေသင်မြင်လာရပါလိပ်မယ်။